Tuesday, December 27, 2011

တမ်းချင်း ဒါမှမဟုတ် လွမ်းချင်း

တမ်းချင်း ဒါမှမဟုတ် လွမ်းချင်း
(This photo is copied from google)

လွန်ခဲ့တဲ့တစ်ညနေခင်းမှာ
နှလုံးသားဟာ အညှာကကြွေကျသွားတယ်
ပြန်ဆက်နိုင်အောင်ကြိုးစားနေတုန်းမှာ
တစ်စစီကွဲသွားတာ ဒီမနက်ထိပဲ!
နှလုံးသားအကြွေစတွေက
မှန်စ၊ စက္ကူစတွေနဲ့ မတူဘူး
ဒဏ်ချက်ရရင်ရသလို
အထပ်ထပ်….. အခါခါ.....ပေါ့
ကြွေ……..မွ
အသက်ရှုတိုင်းမှာ မဝတဝနဲ့ပေါ့ ချစ်သူ…….
အရိပ်
8:00am
22.12.2011
(This photo is copied from google)

Sunday, December 25, 2011

မရေရာခြင်း

                               (This photo is copied from google)
မရေရာခြင်း
မနက်ဖြန်ဆိုတာကိုမှ မျှော်လင့်နေရတာမဟုတ်ပါဘူး
မသေချာရင် "ဒီည"ဆိုတာလည်း  မျှော်လင့်ခြင်းပဲ
နာကျင်ခံစားရမှုတွေအတွက်
အချိန်ဆိုတဲ့ ပိုင်းဖြတ်မှုတွေကို
မျှော်လင့်ခြင်းနဲ့ တွဲကပ်ပေးမှ သက်သာရာရမှာ…..
ဟုတ်တယ် "ဒီည" ……
မနေ့ကညကို မေ့ပလိုက်ပြီ
"ဒီည……"
နောက်ညကလည်း နောက်နေ့အတွက်တော့ "ဒီည" ပါပဲ ။ ။
အရိပ်
9:40am
20.12.2011

Tuesday, November 22, 2011

မြို့ပြညနေ အိမ်အပြန်


မြို့ပြညနေ အိမ်အပြန်

နွမ်းလျတဲ့စိတ် မောလျခန္ဓာနဲ့
မှီချခဲ့ ခုံတစ်နေရာစာ…..
ဟိုးအဝေးမှာ လှမ်းမြင်တဲ့အလင်းရောင်
သာနေတဲ့ လပြည့်လား လာနေတဲ့ လျှပ်စစ်လား ….
မှုန်ဝေရီတဲ့ မျက်လုံးနဲ့ကြည့် တိတ်တခိုးဆုံးဖြတ်
လရောင်ရေ…………
တကယ်တော့ နီးလာပြီထင်သမျှ ဝေးသွားမှန်း ရောက်တော့မှသိ
မြို့ပြညနေ မှုန်ရီ အိမ်အပြန်လမ်း!
ကျောမှီချလိုက်တဲ့ ရွေးချယ်မှုမှာသာယာ….
သက်ပြင်းမောခါခါချခဲ့တာ သူမဟုတ်ခဲ့သလို…
စိတ်မောအခါခါ.. အပူတွေထားခဲ့ပြီ ရုံးခန်းဆိုတဲ့ အကျဉ်းစံတစ်နေရာ…
ခဏလေးနားမယ်…
မြို့ပြရဲ့ အိမ်အပြန် ညအရောင်ခပ်မှိန်မှိန်အောက်!
ဟော နီးလာပြီ…………
အရောင်တွေလည်း ရင့်သထက်ရင့်
အချိန်တွေလည်း လင့်သထက်လင့်ခဲ့ပေါ့ !
ဒီတစ်နေ့စာ ခဏတစ်ဖြုတ်သေ…… နောက်နေ့မှာရှင်သန်နိုးထ
ရုန်းကန်ရာက ပြန်လာခဲ့မယ်လေ……………..
မြို့ပြရဲ့ အိမ်အပြန်ညတွေ  !
အရိပ်
(10:00am)
(23.11.11)

Wednesday, November 16, 2011

ဒဿန(၁)


ဒဿန(၁)

အချစ်ဆိုတာ Variation ကို ရှင်းပြဘို့ အကောင်းဆုံး ဥပမာတစ်ခုပဲ!!!
အခုပဲပြောတယ် အချစ်… အချိန်တစ်ခုမှာ မဟုတ်တော့ဘူး ပြောင်းလဲသွားပြီ။
အခုလေးတင်ဖြစ်တည်တယ် အချစ်တဲ့….. ဟော ပြောင်းသွားပြန်ပြီ ပုံစံတစ်ခုကို။
ကောင်းသော ပြောင်းလဲခြင်းက စံညွှန်းကိန်းကို အပေါင်းလက္ခဏာပြချင်ပြမှာပေါ့..
စံညွှန်းကိန်းမှာ အနုတ်လက္ခဏာလည်း ရှိတယ်ဆိုတာလည်း ဖြစ်နိုင်ချေတစ်ခုပါပဲ။  

(ကိုယ်ထင်ထားတဲ့ အနုတ်သဘောဆောင်မှုဟာလည်း အပေါင်းသဘာဝသတ္တိကို ပိုင်ဆိုင်မှုလည်းရှိနေနိုင်တာပဲ။)

အရိပ်
3:15 pm
21.10.11(Friday)

Thursday, October 6, 2011

စိတ်တော့မရှိပါနဲ့…..



စိတ်တော့မရှိပါနဲ့…..
စိတ်တော့မရှိပါနဲ့ …. ရှင်စိတ်တော့မှန်ပါရဲ့နော်
စိတ်တော့မရှိပါနဲ့ …. အရာရာရှင့်သဘောအတိုင်းဖြစ်ရအောင် ကျွန်မလည်းလူပါ
စိတ်တော့မရှိပါနဲ့ …. ရှင်လိုတစ်မျိုးမလိုတစ်မျိုးလုပ်ရအောင် ကျွန်မကအရုပ်မဖြစ်နိုင်ခဲ့တာကို
စိတ်တော့မရှိပါနဲ့ …. ကျွန်မလည်းစိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်
စိတ်တော့မရှိပါနဲ့ …. ရှင့်ကိုယ်ရှင်ပြန်သုံးသပ်ခိုင်းခဲ့တာကို
စိတ်တော့မရှိပါနဲ့ …. အရာရာမှာlimit ရှိတတ်လို့ပါ
စိတ်တော့မရှိပါနဲ့ …. ကျွန်မစိတ်တွေ အနားသတ်တွေ့သွားပြီ
စိတ်တော့မရှိပါနဲ့ …. ကျွန်မဘဝအတွက် အကောင်းဆုံးရှာတွေ့လို့ပါ
စိတ်တော့မရှိပါနဲ့ …. ရှင်မရှိတဲ့ ကျွန်မဘဝက ပိုသာယာမှာကို သိလိုက်လို့ပါ
စိတ်တော့မရှိပါနဲ့ …. ရှင့်ကိုငဲ့ညှာတတ်တဲ့ ကျွန်မရဲ့ရောဂါကို ကုတော့မယ်
စိတ်တော့မရှိပါနဲ့ …. ဒါနောက်ဆုံးရယ်ပါလေ…………………………
အရိပ်
20.12.2010(5:00PM)

Friday, September 23, 2011

"သတိ..ဧရာဝတီ… ကာကွယ်ရန်တာဝန်ရှိသည်။"

မြစ်ဧရာနဒီကျော စုန်ဆန်မျောခဲ့… စိတ်ဝိဉာဉ်!
အသက်ရှုတိုင်းမှာ ဧရာကပေးတဲ့အားတွေပါပဲ!
ပြည်မြန်မာမှာ မွေးဖွားလူဖြစ်
အားလုံးသော ရပ်တည်ဖြစ်တည်မှုတိုင်း
သူပေးတဲ့ခွန် သူပေးတဲ့အား..
သူ့အဆီအနှစ်နဲ့ ကင်းမရနိုင်ပါဘူး…

ဟင့် … မဆိုင်ဘူးလို့ မတွေးလိုက်နဲ့
နင့်ရပ်တည်မှု ကျေးဇူးမဲ့သွားမယ်!
ရင်ထဲမှာ စွဲကာမှတ်ကြကွယ့်……….ကျေးမစွပ်ကြနဲ့ ။      ။
အရိပ်
12:55 pm
23.09.2011

Thursday, September 22, 2011

ဇာတ်ခုံ


-       တကယ်ဆို ဖန်တီးမှုတစ်ခုအတွက် ပေးဆပ်မှုတွေရှိရသလို ရလဒ်ကောင်းတွေရှိဘို့လိုတယ် !
-       တကယ်ဆို တမ်းတရမှုတွေရှိနေရင်လည်း တွေ့ဆုံခြင်းက ရလဒ်ဖြစ်သင့်တယ် !
-       တကယ်တော့ စိတ်ကူး မျှော်လင့် တမ်းတမိခြင်းနဲ့ လက်တွေ့ဘဝမှာ တစ်ထပ်တည်းကျလောက်အောင်က ပဒေသာပင်သီးတဲ့ခေတ်မှာ လူလာဖြစ်တာမှ မဟုတ်တာ !
အဲ့ဒါတွေကြောင့်ပဲ… စိတ်ကူးယဉ်ကြရတာက သုခ
လက်တွေ့က ဒုက္ခတွေနဲ့
အမှားကို အမှန်ပြလို့
တလွဲတွေ ဆံပင်ကောင်း ပြောင်းခဲ့ရ !
ထွေခင်းရာ ဒိုးကျလို့
ပွဲစပြီဟေ့
အလှည့်ကျတော့ မနွဲ့စတမ်းရယ်လို့
ဝင်ကရ အခါခါ
သြော်…...................                            မြေမကျမီ မချနိုင်မာန်တွေကြောင့်ပေါ့
ငြိတွယ်ခြင်း ပိုက်ကွန်စိပ်လာတော့ မောရပေါ့ ဘဝအလီလီ !

အရိပ်
22.09.2011
11:35 am

Tuesday, September 6, 2011

"လူမိုက်ရွေးတဲ့လမ်း"

"လူမိုက်ရွေးတဲ့လမ်း"

မိုက်မဲတဲ့လက်တွေလို့  ညဉ်းတွားမိခဲ့တယ်

ပိုပြီးမိုက်မဲတဲ့ တခြားအတွေးတွေသွင်းမရတဲ့ ငါ့စိတ်တွေ!

ဘယ်လိုပဲ ချုပ်ထိန်း ချုပ်ထိန်း ထိန်းမနိုင် သိမ်းမရခဲ့

ပြုပြီးမှရတဲ့ ငါ့နောင်တ!

ဘဝတစ်ခုမှာ ဘယ်သူ့ကိုမှ အရင်းအနှီး မပြုရက်ခဲ့တော့
ရခဲ့ပေါ့ ဒဏ်ချက်တွေ အခါခါ!
ဘယ်သူကမှ ရွေးခိုင်းခဲ့တာ မဟုတ်ပါဘူး ဒီလမ်းမပေါ်
အဆုံးဆိုတာ ဟိုးအဝေးမှာလို့ယူဆရင်း
မြင်နေရတဲ့ မိုးကုပ်စက်ဝိုင်း
အဆုံးမရောက်ခင်တော့ လမ်းဆုံမှာ ပြန်ဆုံချင်မိသေးတယ်
ချစ်သူ.. မင်း လာရဲမလား!

အရိပ်
9:15 am
07.09.2011


Thursday, July 14, 2011

အဆိပ်ရှိနှင်းဆီ


အဆိပ်ရှိနှင်းဆီ

နှင်းဆီရေ တမိတဲ့တစ်ခဏမှာပါပဲ!
ငါ့လွယ်အိတ်ထဲက ဘတ်ဂျက်ကို ရေကြည့်ပြီး
ရေနဲ့ မျောပလိုက်ချင်တယ် … နှင်းဆီ။
လေလိုလွင့်ချင်တဲ့ ငါ့စိတ်တွေသက်သာစေဘို့ပေါ့။
ကမ်းနဖူးကိုရောက်မှတော့ မူးလည်းမနေချင်တော့ပါဘူး နှင်းဆီရေ!
ရီဝေအလှက မှင်သက်စေမိတယ်လေ!

အရိပ်
12:45 pm
08.06.11(Wednesday)

Tuesday, June 14, 2011

ဘဝ

ဘဝ

အရာရာကို ခေါင်းထဲထည့်
ဝင်လာခဲ့ရတယ်…. ဒီလောကကြီးထဲ!

ဂရုတစိုက်
ပတ်ဝန်းကျင်… လောကကြီးတစ်ခုလုံးရယ်ပေါ့!

ဘာကြီးလဲလို့ မေး..
အားလုံးကို မေ့……
ထင်ရာတွေကို စိုင်း……….
စစ်ကိုင်း ရောက်လိုက်ချင်ပေမဲ့…
အစမှာကိုက … အဝင်မှားခဲ့ပြီးပြီလေ..။

အရိပ်
(3:00 pm- 01.06.11) Wednesday

Sunday, April 3, 2011

ပိတောက်

ကျွန်မ ပိတောက်တွေပွင့်ရင် သဘောကျတယ်ရှင့်... ပိတောက်ပန်းကို နှစ်သက်တတ်တယ်...
ဒီပုံထဲက ကဗျာလေးက ကြာတော့ကြာပါပြီ... အရင်တုန်းက social web page တစ်ခုပေါ်မှာ photo အနေနဲ့ သူရှိဘူးခဲ့တယ်....
ဟိုတစ်လောက အချိန်မဟုတ် ပိတောက်တွေ အဖူးနုနုဘဝမှာ ပွင့်သွားရတယ်.. မိုးရွာလို့...
သတိရသွားတယ်... ဒီကဗျာလေးကိုပါ....
ဒီနေရာလေးက မှတ်မှတ်ယယရှိသမျှအားလုံးကို စုစည်းထားချင်တာဆိုတော့...

ဆုတောင်း


စင်ကြယ် စိတ်ထား
မွန်မြတ် နှလုံး
လူတိုင်း ကျင့်သုံးနိုင်ကြလျှင်
အေးချမ်းသာယာ တို့ကမ္ဘာ
ဘယ်မှာမရှိပါအံ့နည်း ။      

အရိပ်
5:45 pm
11.02.11