မရေရာခြင်း
မနက်ဖြန်ဆိုတာကိုမှ မျှော်လင့်နေရတာမဟုတ်ပါဘူး
မသေချာရင် "ဒီည"ဆိုတာလည်း မျှော်လင့်ခြင်းပဲ
နာကျင်ခံစားရမှုတွေအတွက်
အချိန်ဆိုတဲ့ ပိုင်းဖြတ်မှုတွေကို
မျှော်လင့်ခြင်းနဲ့ တွဲကပ်ပေးမှ သက်သာရာရမှာ…..
ဟုတ်တယ် "ဒီည" ……
မနေ့ကညကို မေ့ပလိုက်ပြီ
"ဒီည……"
နောက်ညကလည်း နောက်နေ့အတွက်တော့ "ဒီည" ပါပဲ ။ ။
အရိပ်
9:40am
20.12.2011
No comments:
Post a Comment