Tuesday, November 22, 2011

မြို့ပြညနေ အိမ်အပြန်


မြို့ပြညနေ အိမ်အပြန်

နွမ်းလျတဲ့စိတ် မောလျခန္ဓာနဲ့
မှီချခဲ့ ခုံတစ်နေရာစာ…..
ဟိုးအဝေးမှာ လှမ်းမြင်တဲ့အလင်းရောင်
သာနေတဲ့ လပြည့်လား လာနေတဲ့ လျှပ်စစ်လား ….
မှုန်ဝေရီတဲ့ မျက်လုံးနဲ့ကြည့် တိတ်တခိုးဆုံးဖြတ်
လရောင်ရေ…………
တကယ်တော့ နီးလာပြီထင်သမျှ ဝေးသွားမှန်း ရောက်တော့မှသိ
မြို့ပြညနေ မှုန်ရီ အိမ်အပြန်လမ်း!
ကျောမှီချလိုက်တဲ့ ရွေးချယ်မှုမှာသာယာ….
သက်ပြင်းမောခါခါချခဲ့တာ သူမဟုတ်ခဲ့သလို…
စိတ်မောအခါခါ.. အပူတွေထားခဲ့ပြီ ရုံးခန်းဆိုတဲ့ အကျဉ်းစံတစ်နေရာ…
ခဏလေးနားမယ်…
မြို့ပြရဲ့ အိမ်အပြန် ညအရောင်ခပ်မှိန်မှိန်အောက်!
ဟော နီးလာပြီ…………
အရောင်တွေလည်း ရင့်သထက်ရင့်
အချိန်တွေလည်း လင့်သထက်လင့်ခဲ့ပေါ့ !
ဒီတစ်နေ့စာ ခဏတစ်ဖြုတ်သေ…… နောက်နေ့မှာရှင်သန်နိုးထ
ရုန်းကန်ရာက ပြန်လာခဲ့မယ်လေ……………..
မြို့ပြရဲ့ အိမ်အပြန်ညတွေ  !
အရိပ်
(10:00am)
(23.11.11)

Wednesday, November 16, 2011

ဒဿန(၁)


ဒဿန(၁)

အချစ်ဆိုတာ Variation ကို ရှင်းပြဘို့ အကောင်းဆုံး ဥပမာတစ်ခုပဲ!!!
အခုပဲပြောတယ် အချစ်… အချိန်တစ်ခုမှာ မဟုတ်တော့ဘူး ပြောင်းလဲသွားပြီ။
အခုလေးတင်ဖြစ်တည်တယ် အချစ်တဲ့….. ဟော ပြောင်းသွားပြန်ပြီ ပုံစံတစ်ခုကို။
ကောင်းသော ပြောင်းလဲခြင်းက စံညွှန်းကိန်းကို အပေါင်းလက္ခဏာပြချင်ပြမှာပေါ့..
စံညွှန်းကိန်းမှာ အနုတ်လက္ခဏာလည်း ရှိတယ်ဆိုတာလည်း ဖြစ်နိုင်ချေတစ်ခုပါပဲ။  

(ကိုယ်ထင်ထားတဲ့ အနုတ်သဘောဆောင်မှုဟာလည်း အပေါင်းသဘာဝသတ္တိကို ပိုင်ဆိုင်မှုလည်းရှိနေနိုင်တာပဲ။)

အရိပ်
3:15 pm
21.10.11(Friday)