Tuesday, December 27, 2011

တမ်းချင်း ဒါမှမဟုတ် လွမ်းချင်း

တမ်းချင်း ဒါမှမဟုတ် လွမ်းချင်း
(This photo is copied from google)

လွန်ခဲ့တဲ့တစ်ညနေခင်းမှာ
နှလုံးသားဟာ အညှာကကြွေကျသွားတယ်
ပြန်ဆက်နိုင်အောင်ကြိုးစားနေတုန်းမှာ
တစ်စစီကွဲသွားတာ ဒီမနက်ထိပဲ!
နှလုံးသားအကြွေစတွေက
မှန်စ၊ စက္ကူစတွေနဲ့ မတူဘူး
ဒဏ်ချက်ရရင်ရသလို
အထပ်ထပ်….. အခါခါ.....ပေါ့
ကြွေ……..မွ
အသက်ရှုတိုင်းမှာ မဝတဝနဲ့ပေါ့ ချစ်သူ…….
အရိပ်
8:00am
22.12.2011
(This photo is copied from google)

Sunday, December 25, 2011

မရေရာခြင်း

                               (This photo is copied from google)
မရေရာခြင်း
မနက်ဖြန်ဆိုတာကိုမှ မျှော်လင့်နေရတာမဟုတ်ပါဘူး
မသေချာရင် "ဒီည"ဆိုတာလည်း  မျှော်လင့်ခြင်းပဲ
နာကျင်ခံစားရမှုတွေအတွက်
အချိန်ဆိုတဲ့ ပိုင်းဖြတ်မှုတွေကို
မျှော်လင့်ခြင်းနဲ့ တွဲကပ်ပေးမှ သက်သာရာရမှာ…..
ဟုတ်တယ် "ဒီည" ……
မနေ့ကညကို မေ့ပလိုက်ပြီ
"ဒီည……"
နောက်ညကလည်း နောက်နေ့အတွက်တော့ "ဒီည" ပါပဲ ။ ။
အရိပ်
9:40am
20.12.2011