Saturday, June 18, 2016

"အိပ်မက်ကို စွဲမိသူ"

အိပ်မရဘူး 
အိပ်ရမှာ ကြောက်နေတယ်
တောင်းပန်ပါတယ်ကွယ်
တို့အိပ်မက်ထဲကို ညတိုင်းတော့ အလည်မလာပါနဲ့
အသက်ရှုမှားလွန်းလို့ပါကွယ် .

ပြုစားရက်လိုက်တာ
ခုထိ သီချင်းညဉ်းသံကြားတိုင်း မင်းအသံပဲ ထင်နေတုန်း
တီးတိုးသံ မသဲမကွဲကြား 
မင့် မျက်ဝန်းကို အသက်ရှုမှားမတတ် ပြေးပြေးမြင်လို့
ကြားပါ့မလား အချစ်ရယ် တိုးဖွဖွတော့ ခေါ်မိပါရဲ့
ချစ်မိလို့ လွမ်းတယ် .........

.....................
.....................

......................
......................

အချစ်ရေ.....
တွေးတိုင်းသာဖြစ်နိုင်ပါရင်
အတောင်တစ်စုံ လေဟုန်မှာလွင့်
မင်းသိသိ မသိသိပေါ့လေ
အနားရောက်အောင်လာခဲ့မယ်
အလွမ်းရယ်ပြေပါစေတော့လို့ ခနတစ်ဖြုတ်ပျံသန်းမိရင်း
ခနခနပျံမိသွားမလား ဆန္ဒတစ်စုံလေအဟုန်မှာ ပြေးလွှတ်လိုက်ချင်ပါရဲ့
....................
....................

သူ့ဓါတ်ပုံ....
မကြည့်မိအောင်နေမိတယ်
သူ့အကြောင်းတွေ......
အတွေးထဲကဖျောက်ထားတယ်
မြင်လိုက်တဲ့တစ်ခဏမှာ
..............

အရူးတစ်ပိုင်းဖြစ်အောင် မျှော်လင့်နေမိတာတွေက
အများတကာအတွက်ဘာမဟုတ်တာလေးတွေပဲ
ဒါပေမဲ့ ချစ်ရသူရယ်
ချစ်မိပီးမှတော့ ရူးမိတာလည်း မဆန်းချင်ပါဘူးလေ
.....................

ညကအိပ်မက်မက်တယ်
နေကောင်း ကျန်းမာရဲ့လား စိတ်ပူတယ်ကွယ်
ချစ်သူ ...
စိတ်မပူရအောင် 
ကိုယ်ထင်ပြစမ်းပါကွယ် ။   ။

ဘယ်ဆီဘယ်ဝယ်မျှော်မှန်း
လွမ်းသရတဲ့ ဘဝကို မုန်းတယ်


Wednesday, December 19, 2012

"---------"

ကြင်နာသူရေ…
ဖွဖွလေးတမ်းတမိတရ်….. စိတ်ဓာတ်ကျနေချိန်!
ကြင်နာသူရေ….
တီးတိုးလေး ရေရွတ်မိတရ်….. အားငယ်နေမိချိန်!
ကြင်နာသူရေ….. မင်းတစ်ယောက်ကိုပါပဲ ကွယ်….
သတိရမိတရ်
တမ်းတမိတရ်
အားကိုးမိတရ်
တိုးတိုးတိတ်တိတ်…… ဖွဖွလေးရယ်ပါ
ဆိပ်ငြိမ်တဲ့ အခန်းရဲ့အလည်
အလွမ်းတို့ခင်းကျင်း အလှဆင်ထားခဲ့…….
မှိုင်းညို့ရီတဲ့ နှလုံးသားတစ်ခုက စည်းချက်ကျကျအော်နေခဲ့တရ်…. ကြင်နာသူရေ….။
အရိပ်
12:55 pm
20.12.2012.





Thursday, August 23, 2012

မာန


မာန
သူ့ရင်ဘတ်ကို ဆွမိတိုင်း
ကိုယ့်ရင်ထဲမှာလည်း တဆစ်ဆစ်နာခဲ့တယ်
မယုံကြည်နိုင်လောက်အောင်ပဲ
ခဏတာမေ့နိုင်ဘို့ကိုလည်း တစ်ဘဝလုံးနဲ့ရင်းရဲခဲ့တယ်
ဒူးထောက်ဘို့ မရဲလို့မဟုတ်ဘူး
တန်ဘိုးရှိတဲ့ တစ်စုံတစ်ရာအတွက်… တင်းခံထားခဲ့ရတာ။
မင်းယုံနိုင်မလား…. အချစ်ဆိုတာမှာ မာနပါတွဲပါတတ်တယ်ဆိုတာကို?
ကိုယ့်ရဲ့ ဂုဏ်သိက္ခာအတွက်မဟုတ်ဘူး… မင်းကိုချစ်မိတဲ့ အချစ်အတွက်…….
အရိပ်
11:40 am
24.08.2012

Wednesday, June 27, 2012

အသည်းကွဲနေလည်း ချစ်နေဆဲ ကျွန်မ၏သူငယ်ချင်း



ချစ်တတ်လိုက်တာ… ချစ်နိုင်လိုက်တာလို့ပဲ ကျွန်မသူ့ကို ထင်မိပါတယ်… သူ့လောက်ချစ်တတ်တဲ့သူ ကျွန်မ မမြင်ဖူးဘူး..
ဘာမှ မာယာတွေ ..ပညာတွေ မပါဘဲ ရိုးရိုးကြီးကို ချစ်တာ..သူက
အင်မတန် စိတ်ကောင်းရှိတဲ့ ကျွန်မရဲ့ သူငယ်ချင်းကြီးပေါ့
မာယာတွေမပါတဲ့ ပေးဆပ်မှုတွေ.. သြော် သူငယ်ချင်းရယ် မင်းနှယ့် ပင်ပန်းလိုက်တာကွယ်!
ကျွန်မသူငယ်ချင်းကတော့ ချစ်တတ်လိုက်ရတာ.. ဒါပေမဲ့ အသွား အပြန်ရှိတယ်ဆိုတာ သူ့အတွက် မမှန်ဘူးလို့ပဲ ကျွန်မမြင်နေရတယ်…
ကဗျာတွေ.. စာတွေတော့ သူ့အနားမှာ ကျန်ခဲ့ကြရှာတယ်။
တစ်ခါတစ်ရံ သူ့ဆီက ခံစားချက်တွေကို အငှားယူပြီး ကျွန်မဆီမှာတောင် ကဗျာတွေရလာသေးတာပဲ(ကျေးဇူးပါ သူငယ်ချင်း!)
အခု သူ့ရဲ့ခံစားချက်တွေကို သူဖွင့်ချနေတယ်…. အဲ့ဒီ နေရာရဲ့ တည်ရှိနေမှု့ …. http://aekharmoe.blogspot.com/

Wednesday, May 23, 2012

ကဗျာမပီ....


တစ်ပိုင်းတစ်စ လမ်းထက်ကဘဝ
လက်တွေ့ဘဝက
ငယ်စဉ်က နားထောင်ခဲ့ဘူးတဲ့ အိပ်ရာဝင်ပုံပြင်တွေလောက်တော့ မချိုဘူး မေမေ!
ဒါပေမဲ့ နှစ်သိမ့်မှုမှာပျော်ဝင်လို့ ရောင့်ရဲတတ်သူလို့တော့ ကိုယ်ကိုကိုယ် မာန်ဝင့်တတ်သေးတယ်…
တကယ့် တကယ်တော့
နမ်တစ်ခုရဲ့စေစားမှုမှာ
ရုပ်သဘောတွေ အရွေ့ကြမ်းတော့ စိတ်ဝိဉာဉ်လည်းပမ်း
နွမ်းလျလျမောခဲ့ပြီ မေမေ…
အရိပ်
11:20 am
23.05.2012

Thursday, February 23, 2012

“ချိုတဲ့အခါး”


“ချိုတဲ့အခါး”
ဆိပ်ဆိပ်လေးနေ..
ထောင့်တနေရာ ချောင်ကပ်လို့
စိတ်ကိုဖွင့်.. ရွက်လွှင့်ကာခြေရာထပ်အောင်ပေါ့…
သွားချင်ခဲ့ ချစ်သူ့အနား
စိတ်ကူးသာခွင့်ပိုင်သူဖြစ်ခဲ့ပေါ့… ခုတော့
ဆိုင်လည်းမဆိုင်… ပိုင်လည်းမပိုင်နိုင်ခဲ့တော့..
ဆိပ်ဆိပ်လေးရယ်ပေါ့ …. ထောင့်တနေရာမှာလေ
တွေးနေခဲ့ သူ့အကြောင်း …………
အတွေးတို့ ပန်းတွေပွင့်
မွှေးမြမြကြူ
စိတ်ကူးနဲ့ပြုံး…..
စွန့်လွှတ်ရသူက….. ခွင့်လွှတ်ရမှုနဲ့ ခါးတသက်သက်ချိုခဲ့ပေါ့…..!
အရိပ်
9:45 am
11.02.2012