Thursday, February 23, 2012

“ချိုတဲ့အခါး”


“ချိုတဲ့အခါး”
ဆိပ်ဆိပ်လေးနေ..
ထောင့်တနေရာ ချောင်ကပ်လို့
စိတ်ကိုဖွင့်.. ရွက်လွှင့်ကာခြေရာထပ်အောင်ပေါ့…
သွားချင်ခဲ့ ချစ်သူ့အနား
စိတ်ကူးသာခွင့်ပိုင်သူဖြစ်ခဲ့ပေါ့… ခုတော့
ဆိုင်လည်းမဆိုင်… ပိုင်လည်းမပိုင်နိုင်ခဲ့တော့..
ဆိပ်ဆိပ်လေးရယ်ပေါ့ …. ထောင့်တနေရာမှာလေ
တွေးနေခဲ့ သူ့အကြောင်း …………
အတွေးတို့ ပန်းတွေပွင့်
မွှေးမြမြကြူ
စိတ်ကူးနဲ့ပြုံး…..
စွန့်လွှတ်ရသူက….. ခွင့်လွှတ်ရမှုနဲ့ ခါးတသက်သက်ချိုခဲ့ပေါ့…..!
အရိပ်
9:45 am
11.02.2012

Wednesday, February 8, 2012

မပျော်ဘူး

မပျော်ဘူး
ရီတယ် ... မပျော်ဘူး
တိတ်ဆိတ်ဆွံ့အမှု့ကိုလူမမြင်စေဘူး
ငိုတာ...... ရင်ထဲမှာ
ဆို့နင့်နေလို့ အပြင်ထွက်ခွင့်တောင်မရှိခဲ့ဘူး....
မပျော်ဘူး..... ရီပြခဲ့ပေမဲ့
မရွှင်တာ သူတော့ သိများသွားလေမလား....???
အရိပ်
03:35pm
23.12.2011
(မပျော်တာ ဒီနေ့ထိအောင်ပါပဲ.....)