Tuesday, September 6, 2011

"လူမိုက်ရွေးတဲ့လမ်း"

"လူမိုက်ရွေးတဲ့လမ်း"

မိုက်မဲတဲ့လက်တွေလို့  ညဉ်းတွားမိခဲ့တယ်

ပိုပြီးမိုက်မဲတဲ့ တခြားအတွေးတွေသွင်းမရတဲ့ ငါ့စိတ်တွေ!

ဘယ်လိုပဲ ချုပ်ထိန်း ချုပ်ထိန်း ထိန်းမနိုင် သိမ်းမရခဲ့

ပြုပြီးမှရတဲ့ ငါ့နောင်တ!

ဘဝတစ်ခုမှာ ဘယ်သူ့ကိုမှ အရင်းအနှီး မပြုရက်ခဲ့တော့
ရခဲ့ပေါ့ ဒဏ်ချက်တွေ အခါခါ!
ဘယ်သူကမှ ရွေးခိုင်းခဲ့တာ မဟုတ်ပါဘူး ဒီလမ်းမပေါ်
အဆုံးဆိုတာ ဟိုးအဝေးမှာလို့ယူဆရင်း
မြင်နေရတဲ့ မိုးကုပ်စက်ဝိုင်း
အဆုံးမရောက်ခင်တော့ လမ်းဆုံမှာ ပြန်ဆုံချင်မိသေးတယ်
ချစ်သူ.. မင်း လာရဲမလား!

အရိပ်
9:15 am
07.09.2011


No comments:

Post a Comment