- တကယ်ဆို ဖန်တီးမှုတစ်ခုအတွက် ပေးဆပ်မှုတွေရှိရသလို ရလဒ်ကောင်းတွေရှိဘို့လိုတယ် !
- တကယ်ဆို တမ်းတရမှုတွေရှိနေရင်လည်း တွေ့ဆုံခြင်းက ရလဒ်ဖြစ်သင့်တယ် !
- တကယ်တော့ စိတ်ကူး မျှော်လင့် တမ်းတမိခြင်းနဲ့ လက်တွေ့ဘဝမှာ တစ်ထပ်တည်းကျလောက်အောင်က ပဒေသာပင်သီးတဲ့ခေတ်မှာ လူလာဖြစ်တာမှ မဟုတ်တာ !
အဲ့ဒါတွေကြောင့်ပဲ… စိတ်ကူးယဉ်ကြရတာက သုခ
လက်တွေ့က ဒုက္ခတွေနဲ့
အမှားကို အမှန်ပြလို့
တလွဲတွေ ဆံပင်ကောင်း ပြောင်းခဲ့ရ !
ထွေခင်းရာ ဒိုးကျလို့
ပွဲစပြီဟေ့
အလှည့်ကျတော့ မနွဲ့စတမ်းရယ်လို့
ဝင်ကရ အခါခါ
သြော်…................... မြေမကျမီ မချနိုင်မာန်တွေကြောင့်ပေါ့
ငြိတွယ်ခြင်း ပိုက်ကွန်စိပ်လာတော့ မောရပေါ့ ဘဝအလီလီ !
အရိပ်
22.09.2011
11:35 am
No comments:
Post a Comment