Thursday, August 23, 2012

မာန


မာန
သူ့ရင်ဘတ်ကို ဆွမိတိုင်း
ကိုယ့်ရင်ထဲမှာလည်း တဆစ်ဆစ်နာခဲ့တယ်
မယုံကြည်နိုင်လောက်အောင်ပဲ
ခဏတာမေ့နိုင်ဘို့ကိုလည်း တစ်ဘဝလုံးနဲ့ရင်းရဲခဲ့တယ်
ဒူးထောက်ဘို့ မရဲလို့မဟုတ်ဘူး
တန်ဘိုးရှိတဲ့ တစ်စုံတစ်ရာအတွက်… တင်းခံထားခဲ့ရတာ။
မင်းယုံနိုင်မလား…. အချစ်ဆိုတာမှာ မာနပါတွဲပါတတ်တယ်ဆိုတာကို?
ကိုယ့်ရဲ့ ဂုဏ်သိက္ခာအတွက်မဟုတ်ဘူး… မင်းကိုချစ်မိတဲ့ အချစ်အတွက်…….
အရိပ်
11:40 am
24.08.2012

3 comments:

  1. မာနတဲ့
    ကောင်းတဲ့စာသားလေးတွေ

    ReplyDelete
  2. thank you par စံပယ်ချိုရေ.. :)
    thank you to my friend, အခါးမိုး also

    ReplyDelete