Wednesday, June 27, 2012

အသည်းကွဲနေလည်း ချစ်နေဆဲ ကျွန်မ၏သူငယ်ချင်း



ချစ်တတ်လိုက်တာ… ချစ်နိုင်လိုက်တာလို့ပဲ ကျွန်မသူ့ကို ထင်မိပါတယ်… သူ့လောက်ချစ်တတ်တဲ့သူ ကျွန်မ မမြင်ဖူးဘူး..
ဘာမှ မာယာတွေ ..ပညာတွေ မပါဘဲ ရိုးရိုးကြီးကို ချစ်တာ..သူက
အင်မတန် စိတ်ကောင်းရှိတဲ့ ကျွန်မရဲ့ သူငယ်ချင်းကြီးပေါ့
မာယာတွေမပါတဲ့ ပေးဆပ်မှုတွေ.. သြော် သူငယ်ချင်းရယ် မင်းနှယ့် ပင်ပန်းလိုက်တာကွယ်!
ကျွန်မသူငယ်ချင်းကတော့ ချစ်တတ်လိုက်ရတာ.. ဒါပေမဲ့ အသွား အပြန်ရှိတယ်ဆိုတာ သူ့အတွက် မမှန်ဘူးလို့ပဲ ကျွန်မမြင်နေရတယ်…
ကဗျာတွေ.. စာတွေတော့ သူ့အနားမှာ ကျန်ခဲ့ကြရှာတယ်။
တစ်ခါတစ်ရံ သူ့ဆီက ခံစားချက်တွေကို အငှားယူပြီး ကျွန်မဆီမှာတောင် ကဗျာတွေရလာသေးတာပဲ(ကျေးဇူးပါ သူငယ်ချင်း!)
အခု သူ့ရဲ့ခံစားချက်တွေကို သူဖွင့်ချနေတယ်…. အဲ့ဒီ နေရာရဲ့ တည်ရှိနေမှု့ …. http://aekharmoe.blogspot.com/

2 comments:

  1. ချစ်သူငယ်ချင်း...:D

    ReplyDelete
  2. တစ်ခါတစ်ရံ သူ့ဆီက ခံစားချက်တွေကို အငှားယူပြီး ကျွန်မဆီမှာတောင် စာတွေလာရသေးပါတယ်။ ကျေးဇူးပါ ခါးခါး :D

    ReplyDelete