တစ်ပိုင်းတစ်စ
လမ်းထက်ကဘဝ
လက်တွေ့ဘဝက
ငယ်စဉ်က နားထောင်ခဲ့ဘူးတဲ့
အိပ်ရာဝင်ပုံပြင်တွေလောက်တော့ မချိုဘူး မေမေ!
ဒါပေမဲ့ နှစ်သိမ့်မှုမှာပျော်ဝင်လို့
ရောင့်ရဲတတ်သူလို့တော့ ကိုယ်ကိုကိုယ် မာန်ဝင့်တတ်သေးတယ်…
တကယ့် တကယ်တော့
နမ်တစ်ခုရဲ့စေစားမှုမှာ
ရုပ်သဘောတွေ အရွေ့ကြမ်းတော့
စိတ်ဝိဉာဉ်လည်းပမ်း
နွမ်းလျလျမောခဲ့ပြီ မေမေ…
အရိပ်
11:20 am
23.05.2012